ကော့ကရိတ်မြို့၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ထုတ်ပေးနိုင်ရေး ဆောင်ရွက်

ကော့ကရိတ်  ဇူလိုင် ၁

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ် နောင်ကိုင်းကျေးရွာအုပ်စုမှ နိုင်ငံသား စိစစ်ရေးကတ် မပြုလုပ်ရသေးသည့် ကျေးလက်နေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ် လက်ဝယ်ကိုင်ဆောင်ခွင့် ရရှိစေရန်အတွက်  မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာရုံးမှ တာဝန်ရှိသူများက  အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ထုတ်ပေးနိုင်ရေး​ကို ယနေ့ နံနက် (၉)နာရီအချိန်က အမှတ် (၇ ) ရပ်ကွက် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကော့ကရိတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာရုံးမှ ဦးစီးအရာရှိ ဦးသန်းဝင်းအောင်က ကျေးလက်နေပြည်သူများအနေဖြင့် နိုင်ငံသားစိစစ်ရေး ပြုလုပ်ရာတွင် ပါရှိရ မည့်အထောက်အထားများ၊ နိုင်ငံသားစိစစ်ရေးကတ်၏ အသုံးဝင်မှုနှင့် ပျောက်ဆုံး/ပျက်စီးမှု မရှိစေရေးအတွက် စနစ်တကျ ကိုင်တွယ်အသုံးပြုရမည့် နည်းလမ်းများကို ရှင်းလင်းပြောကြား သည်။

 ထို့နောက် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာရုံးမှ ဦးစီးအရာရှိမှ ကြီးကြပ်၍ ဝန်ထမ်းများက အဆိုပါကျေးရွာအုပ်စုရှိ ကျေးလက်နေပြည်သူများအား  နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ထုတ်ပေးနိုင်ရေးကို စနစ်တကျ စိစစ်ပြုလုပ်ပေးခဲ့ရာ အသက် ၁၀နှစ်ပြည့် နိုင်ငံသား စိစစ်ရေးကတ် စတင်ပြုလုပ်သူ ကျား (၁၂)ဦး၊ မ ()ဦး၊ အသက် (၁၈)နှစ်ပြည့် နိုင်ငံသားစိစစ် ရေးကတ် စတင်ပြုလုပ်သူ ကျား (၁၄)ဦး၊ မ (၁)ဦး စုစုပေါင်း (၄၄)ဦးတို့အား ဆောင်ရွက်ပေးနိုင် ခဲ့ပြီး၊ အဆိုပါလုပ်ငန်းဆောင်ရွက်နေမှုကို ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်နိုင်က လာရောက်ကြည့်ရှုခဲ့​ကြောင်း သိရသည်။

စောအောင်မျိုးလွင် (ပြန်/ဆက် )