ပုသိမ်ကြီး ဇူလှိုင် ၁
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦး က တက်ရောက်လာသူများအား ကော်မတီဖွဲ့စည်း ခြင်း၊ မြို့မိမြို့ဖများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ နှင့် တာဝန်ရှိသူများ ပူးပေါင်း ဆောင်ရွက်ရာတွင် အခက်အခဲမရှိစေရေး၊ ဘဏ္ဍာရေးကိစ္စများနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး အစရှိသည်များကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးသို့ မြို့နယ်အုပ်ချုပ်ရေးဦးမြင့်ဦး၊ တပ်ကိုယ်စားလှယ် ဗိုလ်မှူးဝေယံမင်း၊ မြို့နယ်စည်ပင် သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးညွန့်ဆန်း၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်း အဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇာနည်ကိုကို