ပင်လောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာသုံးဦး ထပ်မံတွေ့ရှိ

ပင်လောင်း  ဇူလိုင်  ၁

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့ပေါ်တွင် ယမန်နေ့ ညနေပိုင်းက ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ သုံးဦး ထပ်မံတွေ့ရှိကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မှ  သိရသည်။

ပင်လောင်းမြို့ အရှေ့ရပ်ကွက်တွင် ခေတ္တလာရောက်တည်းခိုခဲ့သည့် ဒေါတမရပ်ကွက်၊ လွိုင်ကော်မြို့နေသူ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာနှင့် ထိတွေ့ဆက်စပ်ခဲ့သူများအား ပင်လောင်းမြို့နယ် ပြည်သူ့ဆေးရုံက  RTD Test Kit ဖြင့် စစ်ဆေးရာ ဇွန် ၃၀ ရက် နံနက်ပိုင်းတွင် သုံးဦးတွေ့ရှိပြီး ညနေပိုင်းတွင် အတည်ပြုလူနာသုံးဦး ထပ်မံတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အတည်ပြုလူနာများအား ပင်လောင်းမြို့နယ် ပြည်သူ့ဆေးရုံ သီးသန့်ဆောင်၌ ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးထားပြီး အတည်ပြုလူနာခြောက်ဦးနှင့် ထိတွေ့ဆက်စပ်ခဲ့သူ အမျိုးသား ကိုးဦး၊ အမျိုးသမီး ခြောက်ဦး စုစုပေါင်း ၁၅ ဦးအား  အသွားအလာ ကန့်သတ်စောင့်ကြည့်ရာ နေရာဖြစ်သည့် ဘက်စုံသုံးခန်းမတွင် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)