တနိုင်း ဇူလိုင် ၁
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသော နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ယမန်နေ့ နံနက် ၁၀ အချိန်က ပုန်ခုန်း ရပ်ကွက်ရှိ ၊ မြို့နယ်ပြည်သူ့ဆေးရုံကြီး၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန့်ဇင်ဦး ဦးဆောင်၍ ကျန်းမာရေး ဝန်ထမ်းများက ကိုဗစ်-၁၉ ကာကွယ်ဆေး မထိုးနှံရသေးသော နိုင်ငံ့ဝန်ထမ်း (၃၈)ဦးအား တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်မှ လှူဒါန်းသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများဖြင့် နိုင်ငံ့ဝန်ထမ်းများအား ခွဲတမ်းရရှိထားသည့် ဆေးပုလင်း(၃၈)လုံးဖြင့် ကာကွယ်ဆေး(၁)လုံး၊ လူတစ်ဦးနှုန်းဖြင့် ဝန်ထမ်း (၃၈)ဦးအား (ပထမ)အကြိမ် ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြကြောင်း သိရသည်။
ဝါဝါ(ပြန်/ဆက်)