မဟာအောင်မြေမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှမဟာဗောဓိပရိယတ္တိ စာသင်တိုက်မှ သံဃာတော်များအား နေ့ဆွမ်းဆပ်ကပ်

မန္တလေး၊ ဇူလိုင် ၁
မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှူဖြင့် မန္တလေးမြို့ပေါ်ရှိ ဘုန်းတော်ကြီး ကျောင်းများမှ သံဃာတော်များနှင့် သီလရှင်ကျောင်းများရှိ သီလရှင်များကို နေ့ဆွမ်းများ ဆပ်ကပ်လှူဒါန်း လျက်ရှိရာ ယနေ့ နံနက် (၁၀)နာရီက မဟာအောင်မြေမြို့နယ် မဟာနွယ်စဉ်ရပ်ကွက်ရှိ ၆၉လမ်း ၃၈လမ်း၊၃၉လမ်းကြားရှိ မဟာဗောဓိပရိယတ္တိစာသင်တိုက်ရှိ ဆရာတော်သံဃာတော်များအား မဟာအောင်မြေ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ နေ့ဆွမ်းဆပ်ကပ်ခဲ့ကြောင်း သိရှိရသည်။
ဗောဓိပင်ကျောင်းတိုက်ရှိ သံဃာတော် ဆရာတော်များ နေ့ဆွမ်းဆပ်ကပ်လှူရာသို့ မဟာဗောဓိပရိယတ္တိ စာသင်တိုက်တို့မှ ဆရာတော်သံဃာတော်များ၊ မန္တလေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဒေါက်တာလှကြွယ်၊ မြို့နယ်စီမံအုပ်ချုရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်မြင့်ဦး၊ အဖွဲ့ဝင် (၁)ဗိုလ်မှူး ဆွေလွင်အောင်နှင့် အဖွဲ့ဝင်များ၊ အမှတ်(၁၁၁)ဆက်သွယ်ရေးတပ်မှ ဗိုလ်မှူး ကျော်စံဝင်း၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အလှူရှင်များ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ တက်ရောက်လာကြသူများက မဟာဗောဓိပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယက ဆရာတော် ဦးခေမိန္ဒာဘိဝံသထံမှ ငါးပါးသီလခံယူဆောက်တည်တော်မူပြီး လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူးဒါန်းရာ ဆရာတော်မှ ရေစက်ချတရားတော်ကို ဟောကြားတော်မူသည်။
ဆက်လက်ပြီး ဆရာတော် သံဃာတော်များအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက နေ့ဆွမ်းဆပ်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင်