ကျောက်ဆည် ဇူလိုင် ၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့သော နိုင်ငံသားစီစစ်ရေး ကဒ်ပြားများနှင့် အိမ်ထောင်စု လူဦးရေစာရင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပြီး ခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်မျိုးသိန်းက ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစီစစ်ရေး ကဒ်ပြားများနှင့် အိမ်ထောင်စု လူဦးရေစာရင်းများ ပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြေကြားခဲ့သည်။
ထို့နောက် ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သော လယ်ကြီး ကျေးရွာအုပ်စုမှ နိုင်ငံသားစိစစ်ရေး ကဒ်(၄၇)ခု၊ အိမ်ထောင်စု လူဦးရေစာရင်း (၁၂)ခု၊ လေကြောင်းရန်ကာကွယ်ရေးတပ်မှ နိုင်ငံသားစိစစ်ရေး ကဒ်(၂၁)ခု၊ ရဲစုရပ်ကွက်အုပ်စုမှ နိုင်ငံသားစိစစ်ရေးကဒ်(၄၁)ခု၊ မုန့်ပေါင်းကျေးရွာအုပ်စုမှ နိုင်ငံသားစိစစ်ရေး ကဒ်(၂၈)ခု၊ ပုထိုးနီကျေးရွာမှ နိုင်ငံသားစိစစ်ရေး ကဒ်(၂၁)ခု၊ အမှတ်(၁၄)ခြေမြန်တပ်ရင်းမှ နို်ငငံသားစိစစ်ရေး ကဒ်(၈)ခု၊ ဇရပ်ဖြူကျေးရွာအုပ်စုမှ နိုင်ငံသားစိစစ်ရေး ကဒ်(၁၀)ခု၊ ဆင်မင်း ဘိလပ်မြေစက်ရုံမှ နို်ငငံသားစိစစ်ရေး ကဒ်(၂)ခုနှင့် အိမ်ထောင်စုလူဦးရေ စာရင်း(၈)ခု၊ အယ်ဖာဘိလပ်မြေစက်ရုံမှ နိုင်ငံသားစိစစ်ရေး ကဒ်(၃)ခု၊ အင်းကုန်းစက်မှုလယ်ယာစက်ရုံမှ နိုင်ငံသားစိစစ်ရေး ကဒ်(၄)ခုတို့အား တာဝန်ရှိသူများ က ပြည်သူများ၏ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကဒ်ပြားများနှင့် အိမ်ထောင်စုလူဦးရေ စာရင်းများ ဆောင်ရွက်ပေးရာတွင် လုပ်ငန်းများ အမြန်ပြီးစီးနိုင်ရေးအတွက် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆို်ငရာ ဦးစီးမှူးရုံးမှ ဝန်ထမ်းများက လက်ခံဆောင်ရွက်ပေးသည့်အပြင် နယ်မြေများတွင် ကွင်းဆင်း၍လည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပြီး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူများ ငွေကုန်ကျမှု မရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က တာဝန်ယူဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)