ဒဂုံမြောက် ဇူလိုင် ၁
ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ ပြန်လည်ဖြစ်ပွားနေပြီး မျိုးဗီဇပြောင်း ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါပိုး များ မြန်မာနိုင်ငံအတွင်း တွေ့ရှိနေရသဖြင့် ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း (Mask) များ ဝေငှခြင်းတို့အား ယနေ့ နံနက်ပိုင်းက ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်အတွင်း လူစည်ကားရာ နေရာများဖြစ်သည့် အမှတ်(၅) ဈေး၊ (၃၀)ရပ်ကွက် ဒဂုံ ရွှေပြည်ဈေး၊ (၄၂)ရပ်ကွက်ရှိ ဗိုလ်မင်းရောင် ဈေး၊ (၄၁)တိုးချဲ့ရပ်ကွက် မဟာမြိုင်ဈေး၊ (၄၉)စျေး၊ (၅၀)ရပ်ကွက် လမုဈေးတို့တွင် ပြည်သူများအား ဝေငှခဲ့ကြောင်း သိရသည်။
အဆိုပါ နှာခေါင်းစည်း(Mask)များ အခမဲ့ဝေငှခြင်းလုပ်ငန်းများကို ရပ်ကွက် အတွင်း တာဝန်ရှိသူများ၊ ရပ်မိ ရပ်ဖများ၊ စည်ပင်သာယာဝန်ထမ်းများမှ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ပေါ့ဆမှုမရှိစေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အချက် အလက်များအား ပညာပေးပြောကြား၍ နှာခေါင်းစည်း(Mask)များအား ဈေးရောင်းသူများ၊ ဈေးဝယ်လာသူများ၊ ဆိုက်ကားဂိတ် များ၊ လမ်းသွား လမ်းလာများအား အခမဲ့ဝေငှပေးခဲ့ကြောင်း သိရသည်။
မြင့်မြင့်ရီ