မိုးနဲ ဇူလှိုင် ၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင် မိုးနဲမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်း ချုပ်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ စောင့်ကြည့် လူနာများထားရှိနိုင်ရန်အတွက် Quarantine centre ကို နာဟောင်ရပ်ကွက် မိုးကုတ်ဝိပဿနာဓမ္မရိပ်သာ၌ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကု သရေးလုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် ယနေ့နံနက် ၈ နာရီက စတင်၍ ကြိုတင်ပြင် ဆင်မှုများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီ ၏ ဦးဆောင်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊မြို့ နယ်ရဲတပ်ဖွဲ့၊မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ဂေါပက အဖွဲ့ဝင်များ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် သက်ဆိုင်ရာ ရပ်ကျေးတို့ ပူးပေါင်း ကာ အခန်းတွင်း နေရာထိုင်ခင်း ပြင်ဆင်ဆောင်ရွက်ခြင်း၊သန့်ရှင်း ရေးဆောင်ရွက်ခြင်းနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက် များနှင့်အညီ ပြင်ဆင်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇင်ကိုကို(မိုးနဲ)