စဉ့်ကိုင် ဇူလိုင် ၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနနှင့် စိုက်ပျိုးရေး ဦးစီးဌာနတို့ပူးပေါင်း၍ ကောင်းမွန်သော စိုက်ပျိုးရေးကျင့်စဉ် (GAP) အသိ ပညာပေးသင်တန်းကို ယနေ့နံနက် (၁၀) နာရီက ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအေးမင်းနိုင်က အဖွင့်အမှာ စကား ပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်စိုးစိုးက စိုက်ပျိုးရေးတောင်သူများ ၊ ဓာတ်မြေသြဇာသုံးစွဲမှု လျော့ချစေပြီး ဘေးကင်းစိတ်ချ လုံခြုံသည့် အစားအစာများ ထုတ်လုပ်နိုင်မည့်အတွက် စိုက်ပျိုးရေး အသိပညာပေး Good Agricultural Practice (GAP)သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းတွင် ညောင်ပင်ကြီးကျေးရွာ မြို့သာကုန်းကျေးရွာ၊ ထန်းသုံးပင်ကျေးရွာ၊ မြောက်တောကြီး ကျေးရွာ၊ ဆောက်အင်းကျေးရွာများမှ Cash For Work ၊ VDP ကျေးရွာစီမံကိန်း နှင့်၊မြစိမ်းရောင်ကျေးရွာစီမံကိန်း တို့မှ အဖွဲ့၀င် သင်တန်းသား/ သင်တန်းသူ (၆၀) ဦး တက်ရောက်ခဲ့ ကြ ပြီးသင်တန်းကို ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့် အညီ အဖွဲ့များခွဲ၍ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ဦးစီးအရာရှိ ဒေါ်တင်မြင့်ခိုင် ထံကသိရသည်။
ညိုညို၀င်း