သုံးခွမြို့နယ် အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၂)ရပ်ကွက်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်းဆောင်ရွက်

သုံးခွ ဇူလိုင် ၁

ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် အမှတ် ၁ ရပ်ကွက်နှင့် အမှတ် ၂ ရပ်ကွက်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာတွေ့ရှိသဖြင့် ရပ်ကွက်နေ ပြည်သူများ နှာခေါင်းစည်း Mask တပ်ဆင် သွားလာ‌ရေးအသိပညာပေးခြင်းနှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေး ခတ်ခြင်းလုပ်ငန်းကို ယမန်နေ့ ညနေ ၂ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် သုံးခွမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းစောဝေ၊ ကျန်းမာရေး ဦးစီးဌာမှူး ဒေါက်တာ‌ ဇော်ဝင်းသန်းနှင့် ကျန်းမာ‌ရေးဆရာ၊ ဆရာမများက နေအိမ်များသို့ သွားရောက်ကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင် စေရန် နှာခေါင်းစည်း Mask တပ်ဆင်သွားကြစေရန်နှင့် လက်ကိုစင်ကြယ်စွာ ဆေးကြောရန် အသိ‌ပညာပေးခြင်းနှင့် သွေးလွန်တုပ်ကွေး ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် (ဖုံး၊ သွန်၊ လဲ၊ စစ်) ရေစည်၊ ရေအိုး၊ ရေကန်များထဲသို့ အဘိတ်ဆေးခတ်ခြင်းနှင့် ကျန်းမာရေးအသိပညာပေး ခြင်းကို တစ်အိမ်တက်ဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။