ပင်းတယ ဇူလိုင် ၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်း၊ ကျောင်းအုပ်ကြီးဆရာဦးအုန်းကြိုင်နှင့် ဆရာ/ဆရာမများ ကျောင်းသား/ ကျောင်းသူများ စုပေါင်း၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအထောက်အကူပြု မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲအား ယနေ့ နံနက် (၈) နာရီကအဆိုပါကျောင်းဝန်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ စိုက်ပျိုးရာတွင် ကျွန်း၊ ဝက်သစ်ချ၊ မဂ္ဂဒေးမီးယား၊ ရေသင်းဝင်၊ မျောက်ငို ၊ထောပတ် စသည် ပျိုးပင်ပေါင် ၂၇၀ အားစုပေါင်းစိုက်ပျိုးခဲ့ကြောင်းသိရသည်။ ပင်းတယမြို့နယ် သစ်တော ဦးစီးဌာနအနေဖြင့် ၂၀၂၀ခုနှစ် ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး လှုပ်ရှားမှုအဖြစ်မိုးရာသီ သစ်ပင် စိုက်ပျိုးပွဲတွင် ပျိုးပင်ပေါင်း (၃၂၀၀၀)ခန့် စိုက်ပျိုးခဲ့ကြောင်းနှင့် ယခုနှစ် ၂၀၂၁ခုနှစ်တွင် ပျိုးပင်ပေါင်း (၃၂၀၀၀) စိုက်ပျိုးရန်လျာထားပြီး အခုအခါ ပျိုးပင်ပေါင်း (၁၅၀၀၀) အားစိုက်ပျိုး ပြီးစီးခဲ့ကြောင်းသိရသည်။
ပင်းတယ (ပြန်/ဆက်)