ကျိုက်ဒုံမြို့တွင် (Covid-19)ရောဂါပိုး သံသယရှိသူ(၄)ဦးအား RDT စနစ်ဖြင့်စစ်ဆေး

ကျိုက်ဒုံ    ဇူလိုင်   ၁

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့တွင် ယနေ့နံနက် ၇နာရီခွဲက (Home Quarantine ) ထားရှိသည့် သီးသန့်နေအိမ်၌ ပိုးတွေ့လူနာနှင့်ထိတွေ့မှုရှိခဲ့သော ကိုဗစ်ရောဂါပိုး သံသယရှိသူ အဖြစ်ထားရှိသူ (၄)ဦး အား ကိုဗစ်-၁၉ ရောဂါပိုးရှိ၊မရှိ စစ်ဆေးခဲ့မှုများဆောင်ရွက်ခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် ကျိုက်ဒုံမြို့ တိုက်နယ်ဆေးရုံးမှ ဓါတ်ခွဲကျွမ်းကျင်အဆင့်(၂) ဒေါ်အိအိဖြိုး၊ ကျန်းမာရေးဝန်ထမ်းများက(Covid-19)ရောဂါပိုးရှိ/မရှိကို RDT(Rapid Antigen Diagnostic Test Kit)ဖြင့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ စစ်ဆေးချက်အရ ၄င်းတို့(၄)ဦးတွင် (Covid-19)ရောဂါပိုး (မတွေ့)ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)