တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရန်အတွက်  နှာခေါင်စည်း Mask များ လှူဒါန်း

တန့်ယန်း  ဇူလိုင်  ၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးထိန်းချုပ် ရန် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင်ပြည်သူများပူးပေါင်း၍ ဆောင်ရွက်လျက်ရှိရာ ပါးစပ်၊နှာခေါင်းစည်း Mask နှင့် လက်သန့်ဆေးရည်များအား အမှတ်(၆) ရပ်ကွက်အုပ်ချုပ်ရေးမှူး မိသားစုနှင့် ရပ်မိရပ်ဖများ စုပေါင်း၍ ယမန်နေ့က အမှတ်(၆)အခြေခံ ပညာမူလတန်းလွန်ကျောင်း၌ ပေးအပ်လှူဒါန်းခဲ့သည်။

အဆိုပါ ပေးအပ်လှူဒါန်းပွဲတွင် အမှတ်(၆)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုင်းကျော်နီ မိသားစုနှင့် ရပ်မိရပ်ဖများစုပေါင်း၍ အမှတ်(၆)အခြေခံပညာမူလတန်းလွန်ကျောင်းအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ် တားဆီးနိုင်စေရန် ပါးစပ်နှင့်နှာခေါင်းစည်း Mask (၁၀၀)ဗူး၊ လက်သန့်ဆေးရည် (၂၄)ဗူး တို့ကို လှူဒါန်းသည့်အပြင် တာဝန်ထမ်းဆောင်နေလျက်ရှိသော ဆရာ/ဆရာမများအတွက် ဆန် (၈)အိတ်ကိုလည်းကောင်း၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ အသုံးပြုရန်အတွက်  ကျောင်းသုံးပစ္စည်းများအပါအဝင် ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ပေတံနှင့် အားကစားပစ္စည်း(၅)မျိုးတို့ကို ပေးအပ်လှူဒါန်းခဲ့ကြရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်နန်းဦးက လက်ခံရယူခဲ့ကြောင်း  သိရသည်။                                                                    

မင်းလွင်ဦး(ပြန်/ဆက်)