မောက်မယ်မြို့အဝင်အထွက် ကျန်းမာရေးစစ်ဆေးရေးဂိတ်များ ပြန်လည်ဖွင့်လှစ်ထားရှိ

မောက်မယ်   ဇူလိုင်   ၁

ရှမ်းပြည်နယ် ( တောင်ပိုင်း )၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ကိုရိုနာဗိုင်းရပ်(စ်) COVID-19 ကူးစက်မြန်ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့အဝင်/အထွက်ဂိတ်များ တွင် စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းကို ယနေ့ နံနက် ၆ နာရီကစတင်ခဲ့သည်။

အဆိုပါ စစ်ဆေးရေးအဖွဲ့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ    မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော်က ဦးဆောင်၍ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျန်းမာရေး၀န်ထမ်းများ၊ မြို့နယ် မီးသတ် တပ်ဖွဲ့၀င်များ ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၀င်များက ခရီးသွားလာပြည်သူများအားကျန်းမာရေးစစ်ဆေးပေးခြင်း၊ လူဝင်/လူထွက် စာရင်းကောက် ယူခြင်းများဆောင်ရွက်လျက်ရှိပြီး ပြည်ပမှနေရပ်ပြန်ခရီးသည် ပြည်သူများအား ကိုရိုနာဗိုင်းရပ် (စ်) COVID-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရောဂါဖြစ်ပွားမှုကို ကာကွယ်ရမည့် နည်းလမ်းများ အသိပညာပေးပြီး ရှမ်းပြည်နယ် COVID-19 ကော်မတီ လမ်းညွှန်ချက်နှင့်အညီ ခရီးသွား ပြည်သူများအား ညနေ ၆ နာရီအထိ စစ်ဆေးဆောင်ရွက်ပေး လျက်ရှိကြောင်း  သိရသည်။

စိုင်းမျိုးသန့်( မောက်မယ်)