တွံတေး ဇူလိုင် ၁
ပြည်သူလူထုသွားလာမှု အဆင်ပြေစေရန်နှင့် ယာဉ်အန္တရာယ်ကင်းရှင်းစေရန် အတွက်အဓိက လမ်းမကြီးများကို အဆင့်မြှင့်တင်ခြင်း၊ တိုးချဲ့ခြင်းများ ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေး မြို့နယ် စည်ပင် သာယာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ရန်ကုန်တိုင်း ဒေသကြီး စည်ပင်သာယာရေးအဖွဲ့၏ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် တွံတေးမြို့ အုန်းပင်စုရပ်ကွက်နှင့် မင်းပိုင်းရပ်ကွက်ထိစပ် တွံတေး -ကော့မှူး -ကွမ်းခြံကုန်းလမ်းအပိုင်း (၁)(ရွှေဆံတော်ဘုရားလမ်းပိုင်း) နှင့် တွံတေး-ကော့မှူး-ကွမ်းခြံကုန်းလမ်းအပိုင်း (၂) (ဗိုလ်ချုပ်လမ်းမကြီး)ကို လမ်းအဆင့်မြှင့်တင်ခြင်း နှင့် လမ်းသားတိုးချဲ့ခြင်းလုပ်ငန်းကို ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
တွံတေးမြို့နယ်တွင် ၂၀၁၉ -၂၀၂၀ တွင် ရွှေဆံတော်ဘုရားလမ်းမကြီး လမ်းလုံး ပြည့်ခင်းခြင်း၊ ရေစီးရေလာ ကောင်းမွန်စေရန်နှင့် ပြည်သူလူထုယာဉ်အန္တရာယ် ကင်းရှင်းစေရန် ရေမြောင်းပလက် ဖောင်းလုပ်ငန်း၊ ကတ္တာရာထပ်ပိုးလွှာ ခင်းခြင်းလုပ်ငန်းများ၊ ကံသာယာလမ်းမကြီးကို ကတ္တရာထပ်ပိုး လွှာခင်းခြင်း လုပ်ငန်းများ၊ မင်းရဲကျော်စွာ လမ်းမကြီးအား လမ်းတိုးချဲ့ကွန်ကရစ်ခင်းခြင်း ကတ္တရာ ထပ်ပိုးလွှာခင်းခြင်း၊ ကွမ်းခြံရပ်ကွက် ဗိုလ်ချုပ်လမ်းမကြီးဝဲ၊ ယာ ရေမြောင်းပလက်ဖောင်းလုပ်ငန်း ဆောင်ရွက်ခြင်းများ ဆောင်ရွက်နိုင်ခဲ့ပြီး ယခုအခါ တွံတေး -ကော့မှူး -ကွမ်းခြံကုန်း လမ်းအပိုင်း (၁)အပြိုင် (ဒွေးလမ်း) (ရွှေဆံတော်ဘုရားလမ်း) ကွန်ကရစ်တိုးချဲ့ခြင်းနှင့် ကတ္တရာထပ်ပိုးလွှာခင်းခြင်း ကို အရှည်( ၀ /၀ မိုင်မှ ၀ /၄မိုင်အတွင်း) ၃၈၂၅ ပေ၊ အကျယ် ၇ ပေ၊ ၉ လက်မ၊ ကွန်ကရစ် (၄၁၆၄၈ စတုရန်ပေ)နှင့် ထပ်ပိုးလွှာကို ငွေကျပ်( ၁၀၁၆၀၀၀၀၀)ဖြင့် လည်းကောင်း၊ တွံတေး-ကော့မှူး-ကွမ်းခြံကုန်းလမ်း အပိုင်း (၂) ကွန်ကရစ် တိုးချဲ့ခြင်းနှင့် ကတ္တရာထပ်ပိုးလွှာခင်းခြင်းကို အရှည်ပေ ၂၀၀အကျယ် ၂၅ ပေ၊ ထု ၉ လက်မ၊ ကွန်ကရစ်(၁၂၀၀၀စတုရန်ပေ)နှင့် ထပ်ပိုးလွှာကို ငွေကျပ် (၃၆၄၀၀၀၀၀)စုစုပေါင်း ခွင့်ပြုငွေကျပ် (၁၃၈၀၀၀၀၀၀)ဖြင့် ဆောင်ရွက်ခဲ့ ကြောင်း တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
လမ်းလုံးပြည့် ကွန်ကရစ်ခင်းတိုးချဲ့ပြီးပါက ယခင် ပေ ၃၀ သာရှိရာမှ ယခုလမ်း သားတိုးချဲ့မှုကြောင့် အကျယ်ပေ ၅၀ ရှိလာမည်ဖြစ်ကာ ကွန်ကရစ်လမ်း တိုးချဲ့ ခြင်း ပြီးဆုံးသွားပါက ခရီးသွားပြည်သူများ ယာဉ်အန္တရာယ် ကင်းရှင်းစွာ သွားလာနိုင်တော့မည်ဖြစ်ကြောင်းတ ာဝန်ခံအင်ဂျင်နီယာထံမှ သိရှိရသည်။