ဝိုင်းမော် ဇွန် ၃၀
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်၊ ကူးစက်ပျံနှံ့မှု ကင်းဝေးစေရန် ပြည်သူများ အနေဖြင့် နေအိမ်ပြင်ပသို့ ထွက်ခွာရာတွင် Mask တပ်ဆင်သည့် အလေ့အကျင့်ဖြစ်စေရန် ရည်ရွယ်၍ ယနေ့နံနက် ၈ နာရီအချိန်က ဝိုင်းမော်မြို့ မီးပွိုင့်လမ်းဆုံ၊ စည်ပင် သာယာမြို့မစျေး၊ စျေးရောင်း၊ စျေးဝယ်သူများနှင့် လူစည်ကားရာ နေရာများတွင် Mask Campaign လှုပ်ရှားမှုကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ပြီး အ ထ က (၁)ကျောင်းနှင့် အ ထ က (၂) ကျောင်းများ တွင်လည်း Mask များလှူဒါန်းခဲ့သည်။
အဆိုပါ Mask Campaign ပြုလုပ်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့၀င်များ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့၀င်များ၊ မြို့နယ် ကျန်းမာရေး ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လပြည့်ဝန်း လူမူကူညီရေးအဖွဲ့တို့ ပူးပေါင်း၍ ပြည်သူများအား Mask(၂၀၀၀)ကျော်ကို အခမဲ့ဖြန့်ဝေပေးခဲ့ပြီး ဝိုင်းမော်မြို့နယ်တွင် ယနေ့ထိ ကိုဗစ်အတည်ပြုလူနာ (၉)ဦးရှိကြောင်း သိရသည်။
ခိုင်သက်မွန်