ကျိုင်းတုံမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ကိုဗစ်-၁၉ ကာကွယ်ရေး ပိုးသတ်ဆေးဖျန်းခြင်း ဆောင်ရွက်

ကျိုင်းတုံ ဇွန် ၃၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပိုးသတ်ဆေးဖျန်းခြင်းကို ယနေ့ နံနက် ၇ နာရီခွဲက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးရဲနိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမင်းသိန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်းမောင်မောင်၊ ကျန်းမာရေးဝန်ထမ်းများနှင့်တာဝန်ရှိသူများက ဘဏ်လုပ်ငန်းများကို ကိုဗစ်-၁၉ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ စနစ်တကျဆောင်ရွက်နိုင်ရေး ကြီးကြပ်ဆောင်ရွက်ပေးပြီး ကြက်ခြေနီတပ်ဖွဲ့ဝင်များက မြန်မာ့စီးပွာရေးဘဏ်အတွင်း၊ အပြင် ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်ပြီးခဲ့ကြောင်း သိရသည်။

ကျိုင်းတုံမြို့တွင် ဇွန် ၂၉ ရက်က မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်း ၄ ဦးနှင့် တာချီလိတ်မြို့နယ်မှ ပြန်လာသည့် အမျိုးသားတစ်ဦးတို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့၍ ၎င်းတို့နှင့် ထိတွေ့ခဲ့သူများကို လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်ဆောင်ရွက်ထားရှိကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများကို တာဝန်ရှိသူများက စနစ်တကျ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အောင်ဇင်မြင့်