ဘုတ်ပြင်းမြို့နယ်တွင် ကာကွယ်ဆေးမထိုးနှံရသေးသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး

ဘုတ်ပြင်း ဇွန် ၃၀

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင် မြို့နယ်အတွင်းရှိ  ကာကွယ်ဆေး မထိုးနှံရသေးသူများအား ဇွန် (၂၈)ရက်နေ့မှစ၍ ဘုတ်ပြင်းမြို့ အခြေခံပညာအထက်  တန်းကျောင်း၌ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကာကွယ်ဆေးထိုးခြင်းကို ဘုတ်ပြင်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့နယ် အတွင်းရှိ ဘုတ်ပြင်းမြို့ အခြေခံပညာအထက်တန်းကျောင်း ၊ ပြည်ကြီးမဏ္ဍိုင်မြို့ တိုက်နယ်ဆေးရုံ ၊   ကရသူရိမြို့တိုက်နယ်ဆေးရုံတို့တွင်  စုရပ် (၃)နေရာခွဲ၍ ဆောင်ရွက်ပေးလျက်ရှိပြီး ဇွန်(၂၈)ရက်နေ့  တွင် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပညာရေးဝန်ထမ်း စုစုပေါင်း (၁၀၁)ဦးထိုးနှံပေးခဲ့၍ ကာကွယ်ဆေးထိုးရန် ကျန်ရှိသည့် ဌာနဆိုင်ရာ ဝန်ထမ်းများ ၊ ပညာရေးဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်းများကို ဆက်လက် ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။

ဘုတ်ပြင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးအား လူဦးရေ (၂၂၅)ဦးအတွက်  ဆေးအလုံးရေ (၄၅၀)လုံး ခွဲတမ်းရရှိခဲ့ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။