ဟားခါးမြို့၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာအသစ် ၂ ဦး ၊ ထန်တလန်မြို့တွင် ၁၇ ဦး ထပ်မံတွေ့ ရှိ

ဟားခါး ဇွန် ၃၀
ချင်းပြည်နယ်၊ ဟားခါးမြို့နှင့် ထန်တလန်မြို့များတွင် ဇွန်လ ၂၉ ရက်နေ့တွင် ဒေသခံပြည်သူ ( ၄၀ ) ဦးစီ Test Kid ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ မရှိ စစ်ဆေးရာ ဟားခါးမြို့တွင် ၂ ဦး ၊ ထန်တလန်မြို့တွင် ၁၇ ဦး ပေါင်း ၁၉ ဦးထပ်မံတွေ့ ရှိကြောင်း သိရသည်။
ထန်တလန်မြို့ရှိ ပိုးတွေ့လူနာများကို အခြားသူများနှင့် ထိတွေ့မှုမရှိစေဘဲ ၎င်းတို့၏နေအိမ်၌ Home Quarantine ထားရှိကာ ၎င်းနေအိမ်များတွင် အသွားအလာ ကန့်သတ်ထားရှိပြီး ဟားခါးမြို့ရှိ ပိုးတွေ့လူနာ ၂ ဦးကို ဟားခါးမြို့ ပြည်သူ့ဆေးရုံကြီး၌ ကုသပေးလျက်ရှိကြောင်း သိရသည်။