ရေဖြူ ဇွန် ၂၉
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ကြီးမှူးကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက် ရုံးဝင်းအတွင်း ကိုဗစ်-၁၉ လမ်းညွှန်ချက်နှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဖြူဖြူရှိန်က စာဖတ်ဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားခဲ့ပြီးနောက် Book Club အဖွဲ့ဝင် ဦးတင်သိန်းက ပေါ်ဦး၏ လျောက်ထုံးများစာအုပ်ကိုလည်းကောင်း၊ ဒေါ်ဖြုဖြူရှိန်က အခက်အခဲ အကြပ်အတည်းဖြစ်ချိန်မှာ စိတ်ချမ်းမြေ့ စရာ စာအုပ်ကိုလည်းကောင်း၊ စာထောက်-၃ ဒေါ်ဖြူဖြူဝင်းက ပြန်ကြားဆက်ဆံ ဒို့အားမာန်စာအုပ်ပါ ဆောင်းပါးကိုလည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြသည်။
အဆိုပါ စာဖတ်ဝိုင်း၏ ဆွေးနွေးချက်များကို ရေဖြူမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page တွင် အများပြည်သူ ဗဟုသုတရရှိနိုင်ရေးအတွက် အွန်လိုင်းစနစ်ဖြင့် ပြန်လည်တင်ဆက် လွှင့်တင်ပေးသွားမည်ဖြစ် ကြောင်း သိရှိရသည်။