မလှိုင် ဇွန် ၃၀
မန္တလေးတိုင်းဒေသကြီး၊မလှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝင်းအတွင်း စိုက်ပျိုးထားသော တစ်ပိုင်တစ်နိုင် ဟင်းသီး ဟင်းရွက်စိုက်ခင်းအား စုပေါင်း ပေါင်းမြက်ရှင်းလင်းခြင်းကို ယမန်နေ့ ညနေ ၄ နာရီအချိန်ကအဆိုပါ စိုက်ခင်းအတွင်း၌ ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။
တစ်ပိုင်တစ်နိုင် ဟင်းသီးဟင်းရွက် စိုက်ခင်းတွင် ခရမ်းချဉ်၊ ငရုပ်၊ချဉ်ပေါင်၊ရုံးပတီ၊ ကန်ဇွန်း ၊မုံညှင်း ၊ကျောက်ဖရုံစသည့် စားဖိုဆောင်သီးနှံများ စိုက်ပျိုးထားပြီး စိုက်ခင်းအတွင်း ပေါင်းမြက်ရှင်လင်းခြင်း၊ မြေတောင်မြှောက်ပေးခြင်းနှင့်ရေလောင်းခြင်းများကို မြို့နယ်အုပ်ချုပ် ရေးမှူး ဦးစိုးမင်းထက် ဦးဆောင်၍ ၀န်ထမ်းများ တပျော်တပါး စုပေါင်းဆောင်ရွက်ခဲ့ကြသည်။ တစ်ပိုင်တစ်နိုင်စိုက်ခင်းစိုက်ပျိုးခြင်းအားဖြင့် ရုံးဝင်းအတွင်း စိမ်းလန်းစိုပြေပြီး ထွက်ရှိလာသည့် သီးနှံများမှာလည်း သန့်ရှင်းလတ်ဆတ်၍ ဓါတုဆေး ကင်းစင်သည့် အော်ဂဲနစ်သီးနှံများကို ရရှိသည့်အတွက် ဝန်ထမ်း မိသားစုများ ကျန်းမာရေး အထောက်အကူပြု သီးနှံများ ရရှိစားသုံး နိုင်မည်ဖြစ်သည်။
အောင်ဌေး(မလှိုင်)