ညောင်ရွှေမြို့၌ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကာကွယ်ရေး Quarantine Centre ပြင်ဆင်ဆောင်ရွက်

ညောင်ရွှေ    ဇွန်  ၃၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့တွင် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကာကွယ်ရေးလုပ်ငန်း အတွက်  Quarantine Centre နေရာကို မြို့မရန်ကုန်ကျောင်းတိုက်အတွင်းရှိ ပတ္တမြားရတု သုံးထပ်စာဖြေဆောင်၌ ယမန်နေ့ နေ့လည်ပိုင်းတွင် ပြင်ဆင်ဆောင်ရွက်ထားရှိပြီး ဖြစ်ကြောင်း သိရသည်။                  .
အဆိုပါ Quarantine Centre ပြင်ဆင်ဆောင်ရွက်မှုကို ညောင်ရွှေမြို့နယ် COVID-19 ရောဂါ စောင့်ကြည့်၊ စစ်ဆေး၊ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကြီးကြပ်မှု ကော်မတီတာဝန်ရှိသူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး Centre ဝင်ရောက်သူများကို အမျိုးသား၊ အမျိုးသမီး သီးသန့်ထားရှိ၍ (Stay at Home) အစီအစဉ်၌ အကျုံးဝင်ကြောင်း ကြေညာထားသည့် မြို့နယ်များမှ လာရောက်သူများကို  ချမှတ်ထားသည့် စည်းကမ်းများနှင့်အညီ ထားရှိဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

စိုင်းအယ်ဘဲ