ဥတ္တရသီရိ ဇွန် ၃၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ ရွှေနံ့သာရပ်ကွက် V-4 လမ်းဆုံတွင် ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေး Mask Campaignနှင့် အသိပညာပေး လုပ်ငန်းများဆောင်ရွက် ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ဥတ္တရသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရဲမြတ်သိန်း၊ အဖွဲဝင်(၁) ဗိုလ်မှူး ပြည့်ဖြိုးမင်း၊ အဖွဲ့ဝင်(၂) ဦးမျိုးချစ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာလင်းပြည့်သိမ်းနှင့် ကျန်းမာရေးဝန်ထမ်းများက V-4 လမ်းဆုံတွင် သွားလာလျက်ရှိ သည့် ပြည်သူများအား နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
ထို့နောက် မွန်းလွဲပိုင်းတွင် တာဝန်ရှိသူများက ပန်းတင်ကျေးရွာရှိ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး စစ်ဆေးရေးဂိတ်သို့သွားရောက်၍ နေပြည်တော်အတွင်းဝင်ရောက်လာသူများအား RDT စစ်ဆေးနေမှုနှင့် ကျန်းမာရေးစစ်ဆေးနေမှု၊ စစ်ဆေးရေးဂိတ်တွင် တာဝန်ကျဝန်ထမ်းများ နေထိုင်နိုင်ရေး အဆောက်အဦဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အောင်ကို(ပြန်/ဆက်)