ဘားအံ ဇွန် ၂၉
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ဒေသ တွင်း ငါးသယံဇာတပေါများ၍ စားနပ်ရိက္ခာဖူလုံပိုလျှံစေရေးအတွက် သဘာဝရေပြင် မြစ်၊ ချောင်း၊ အင်း၊ အိုင်များ၊ လျှိုပိတ်ဆည်၊ ရေလှောင်တမံများအတွင်း နှစ်စဉ်ငါးမျိုးများစိုက်ထည့်ပေးလျက်ရှိရာ ယနေ့ နံနက် ၈ နာရီခန့်က ဘားအံ စက်မှုန်ဇုန်အနီးရှိ လျှိုပိတ်ဆည်များအတွင်း ငါးမျိုးများစိုက်ထည့်ပေးခဲ့သည်။
ငါးမျိုးစိုက်ထည့်ပွဲသို့ ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦး၊ ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ်ဦးသိန်းကိုကို၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ငါးမျိုးစိုက်ထည့်ရေး ကြီးကြပ်မှုကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး ဘားအံစက်မှုဇုန်အနီးရှိ အမှတ်(၄)လျှိုပိတ်တမံ အတွင်းသို့ ဘားအံငါးလုပ်ငန်းစခန်းမှ (၂)လက်မအောက်ခံအရွယ် ငါးခုံးမကြီးကောင်ရေ ၂၅၀၀၀ (နှစ်သောင်းငါးထောင်)ကို ငါးမျိုး စိုက်ထည့်ပေးခဲ့ကြသည်။
အလားတူ ဘားအံစက်မှုဇုန်အနီးရှိ လျှိုပိတ်တမံ အမှတ်(၁၊ ၂၊ ၃)အတွင်းသို့ ဘားအံငါးလုပ်ငန်းစခန်းမှ (၂)လက်မ အောက်ခံအရွယ် ငါးခုံးမကြီးကောင်ရေ ၂၅၀၀၀(နှစ်သောင်းငါးထောင်)စီကို ငါးမျိုးစိုက်ထည့် ပေးခဲ့ပြီး စုစုပေါင်းကောင်ရေ ၁၀၀၀၀၀ (တစ်သိန်း) စိုက်ထည့်ပေးခဲ့ကာ ယခုနှစ်မိုးရာသီအတွင်း ကရင်ပြည်နယ်ရှိ သဘာဝရေပြင်များ၌ နှစ်လက်မ အောက်ခံအရွယ် ငါးသားပေါက်ကောင်ရေ ၁၂ သိန်းကျော်ကို ငါးမျိုးစိုက်ထည့်ပေးသွားမည်ဖြစ်ရာ ယခုအခါ ငါးသားပေါက်ကောင်ရေ ၅ သိန်း ၈ သောင်းကျော်ကို ငါးမျိုးစိုက်ထည့်ပေးခဲ့ပြီးဖြစ်သည်။
ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ဘားအံစက်မှုဇုန်အား ရေလုံလောက် စွာ ပေးဝေနိုင်ရေးအတွက် အနီးပတ်ဝန်းကျင်ရှိ လျှိုပိတ်တမံ(၄)ခုမှ ရေဝင်ဆံ့ပမာဏ ပိုမိုသိမ်းဆည်း သိုလှောင်ထားနိုင်ရေး ရေပိုလွှဲများနှင့် မြေသားတမံများအား လိုက်လံကြည့်ရှု့စစ်ဆေးရာ ဆည်မြောင်း နှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးဦးအောင်သူကြွယ်က မြေသားတမံနှင့် ရေပိုလွှဲ ဆိုင်ရာများအား လိုက်လံရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက လိုအပ်သည် များလမ်းညွှန်မှာကြားခဲ့သည်။
ယင်းနောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ထီလုံ-တာပေါင်-နဘူး-ပတ ကားလမ်းမကြီးဘေး ရေပူးစမ်းကျေးရွာရှိ သဘာဝရေပူစမ်းပေါက်အား သွားရောက်ကြည့်ရှု့ခဲ့ပြီး ရေပူစမ်းအမှီပြု ခရီးသွားလုပ်ငန်း တိုးချဲ့ဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)