လယ်ဝေးမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် Mask Campain ဆောင်ရွက်

လယ်ဝေး   ဇွန်   ၂၉

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်  Mask Campainနှင့် အသိပညာပေးခြင်းတို့ကို ယနေ့နံနက် ၉ နာရီက ရန်ကုန်-မန္တလေးလမ်းဘေးရှိ သီရိရတနာ ဈေးရှေ့တွင် ဆောင်ရွက်ခဲ့သည်။

လယ်ဝေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်ဦးဆောင်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ မြို့နယ်စည်ပင်၊ ကျန်းမာရေး၊ ကြက်ခြေနီတပ်ဖွဲ့နှင့် လူမှုရေးအသင်း အဖွဲ့များပူးပေါင်း၍ သီရိရတနာဈေးရှေ့ ရန်ကုန်-မန္တလေးလမ်းတွင် သွားလာနေကြသည့် ပြည်သူများအား Mask ၇၅၀ခုအား အခမဲ့ဖြန့်ဝေပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြား ချက်များအား လိုက်နာဆောင်ရွက်ရန် အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)