ပင်လောင်း ဇွန် ၂၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့တွင်းရှိ စားသောက် ဆိုင်များဖွင့်လှစ်ရောင်းချရာတွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့် စည်းကမ်းချက်များ ထပ်မံအသိပေး ရှင်းလင်းခြင်းကို ယနေ့ မွန်းလွဲပိုင်း က စည်ပင်သာယာရေးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးဝင်းနိုင်ဦးက စားသောက်ဆိုင်များ အား ပြင်ဆင်ထားရှိမှုအပေါ် အေ၊ဘီ၊စီ အဆင့်သတ်မှတ်ထားရှိခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြော ကြားပြီး မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်မားရေးဦးစီးဌာန သွားနှင့် ခံတွင်းဌာနမှ ဒေါက်တာ သော်လှိုင်ကိုက ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကြိုတင်ကာကွယ်နိုင်ရေးအတွက် စားသောက်ဆိုင် များတွင် ပြင်ဆင်ထား ရှိရမည့်အချက်များ၊ လာရောက်စားသုံးသူများ၊ ပါဆယ်လာရောက်ဝယ်သူ များအား ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ ပါးစပ်နှာခေါင်းစည်း တပ်ဆင်အသုံးပြုခြင်းနှင့် လက်သန့်ဆေးရည်အသုံးပြုစေခြင်း၊ ဆိုင်ရှင်နှင့် အလုပ်သမားများကလည်း ပါစပ်နှာခေါင်းစည်း၊ မျက်နှာကာ၊ တစ်ခါသုံးလက်အိတ်များ အသုံးပြု၍ ဈေးရောင်းကြရန်လိုအပ်ပြီး ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် ကျန်းမားရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များ လိုက်နာကြရန် လိုအပ်ကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)