တာချီလိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် လူမှုအသင်းအဖွဲ့များ ကိုဗစ်−၁၉ ကြိုတင်ကာကွယ်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

တာချီလိတ်   ဇွန်   ၂၉

တာချီလိတ်မြို့အတွင်း၌ ကိုဗစ်(၁၉) ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် တာချီလိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်ဦးဆောင်သော မြို့နယ်အတွင်းရှိ လူမှုရေးအသင်းအဖွဲ့ များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လည်က စုပေါင်းရုံးခန်းမ၌ ပြုလုပ်ခဲ့သည်။

ထိုသို့ ပြုလုပ်ရာတွင် အရန်မီးသတ်တပ်ဖွဲ့ခရိုင်နှင့် မြို့နယ်ကြက်ခြေနီ၊ ကျန်းမာရေးအသင်းအဖွဲ့ များနှင့် volunteer လုပ်အားပေးမည့်ပြည်သူများမှ မြို့တွင်းရောဂါကူးစက်မှုလျှော့ချနိုင်ရေးနှင့် ကာကွယ်နိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

အစည်းအဝေးတွင်  တာချီလိတ် မြို့အ၀င် မယ်ယန်းပူးပေါင်းဂိတ်အဝင်အထွက်စစ်ဆေးခြင်းနှင့် ပတ်သက်၍ အဓိကထားညှိနှိုင်းဆွေးနွေးခဲ့ပြီး ပြည်သူ့ဆေးရုံဟောင်းတွင် Fever Clinic ကို နံနက် ၈ နာရီမှနေ့လည် ၂ နာရီထိဖွင့်လှစ်ပေးထားမည်ဖြစ်ကာ မည်သူမဆို လာရောက်စစ်ဆေးနှိုင်း ကြောင်းသိရသည်။

ယာဆေး(ပြန်/ဆက်)