မြစ်ကြီးနားမြို့၌ မူးယစ်ဆေးဖြတ် ကုသရေးနှင့် ပြန်လည် ထူထောင်ရေး သင်တန်းသားများအား အသက်မွေးဝမ်းကျောင်း ပညာသင်တန်းများ ပို့ချ

မြစ်ကြီးနား  ဇွန်  ၂၉

စခန်းအခြေပြု မူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေး သင်တန်းသားများအား အသက်မွေးဝမ်းကျောင်းပညာ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းအား ယနေ့ နံနက် ၁၀ နာရီတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အလယ်ကုန်းရပ်ကွက် ပြန်လည်ထူထောင်ရေးစခန်းတွင် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်သင်ကြား ပို့ချလျှက်ရှိသည်။ အဆိုပါ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းအား ကချင်ပြည်နယ် အသေးစားနှင့် စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန နည်းပြဆရာမများမှ သင်ကြားပို့ချလျှက်ရှိပြီး ပန်းကန်ဆေးဆပ်ပြာရည် ၊ ဘက်စုံသုံးဆပ်ပြာရည်နှင့် Hand Gel(လက်သန့်ဆေးရည်) ပြုလုပ်ခြင်းနည်းပညာများ ကို(၃)ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။

ကချင်ပြည်နယ် ပြန်လည်ထူထောင်ရေးစခန်းအနေဖြင့် မူးယစ်ဆေးဖြတ် ကုသရေးနှင့် ပြန်လည် ထူထောင်ရေးသင်တန်းသားများအား ရုပ်ပိုင်းဆိုင်ရာနှင့်စိတ်ပိုင်းဆိုင်ရာ ပြန်လည် ထူထောင်ပေးခြင်း၊ အသက်မွေးဝမ်းကျောင်း ပညာရပ်များသင်ကြားပေးခြင်းနှင့် နောက်ဆက်တွဲ စောင့်ရှောက်ရေးလုပ်ငန်းများအား ဆောင်ရွက်ပေးလျက်ရှိသည်။ မူးယစ်ဆေးဖြတ် ကုသရေးနှင့် ပြန်လည်ထူထောင်ရေး သင်တန်းသားများ အနေဖြင့် မိမိဘ၀ ရပ် တည်နိုင်ရန်၊ မိမိဝါသနာပါသည့် အလုပ်တွင် အာရုံစိုက်လုပ်ကိုင်နေခြင်းဖြင့် မူးယစ်ဆေးဝါးကို စွဲလမ်းစိတ် လျော့ပါးစေရန်၊လူ့အဖွဲ့အစည်းအတွင်း ပြန်လည်နေထိုင် ၀င်ဆံ့လာစေရန် ရည်ရွယ်၍ အသက်မွေးဝမ်း ကျောင်းပညာရပ်များဖြစ်သည့် ကွန်ပျူတာသင်တန်း၊ အိမ်တွင်းလျှပ်စစ်ပြင်သင်တန်း၊ တံဆိပ်ရိုက်သင် တန်း၊ တွင်းခုံ၊ဖောက်ခုံသင်တန်း၊ ဆံပင်ညှပ်သင်တန်း၊ ဗြုံးအုတ်သင်တန်း၊ ဆိုင်ကယ်ပြုပြင်ရေးသင်တန်း၊ စိုက်ပျိုးရေးသင်တန်း၊ မွေးမြူရေး သင်တန်းနှင့် သံဂဟေဆက်သင်တန်းများ ဖွင့်လှစ်ပေးလျက် ရှိကြောင်း သိရှိရသည်။

ယော်ဆောင်(ပြန်/ဆက်)