မကွေး ဇွန် ၂၉
မကွေးတိုင်းဒေသကြီး၊ အမျိုးသမီးကော်မတီအစည်းအဝေး(၁/၂၀၂၁)ကို ယနေ့နံနက် ၉ နာရီခွဲ အချိန်က မကွေးမြို့ မကွေးမူလတန်းကျောင်းခန်းမတွင် ကျင်းပရာ မကွေးတိုင်းဒေသကြီး အမျိုးသမီး ကော်မတီဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၂)ဦးအောင်ချိန် တက်ရောက် လမ်းညွှန်အမှာစကား ပြောကြားသည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီ၊ အဖွဲ့ဝင်(၂) ဦးအောင်ချိန်က မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာ ကော်မတီကို ၁၉၉၆ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့မှာ ဖွဲ့စည်းခဲ့ကြောင်း၊ ဒီနှစ်မှာလည်း မကွေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီက ကြီးမှူး ပြီး လာမယ့်ဇူလိုင်လ(၄) ရက်နေ့မှာ မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကို ကျင်းပပြုလုပ် သွားမှာဖြစ် ကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီတွင် မူဝါဒ(၄)ရပ်နှင့် လုပ်ငန်းတာဝန်(၇) ရပ်ရှိပါကြောင်း၊ တိုင်းဒေသကြီး အမျိုးသမီးကော်မတီမှာ လုပ်ငန်း တာဝန် (၉) ရပ်ရှိပြီး ခရိုင်မှာတော့(၈) ရပ်၊ မြို့နယ်အမျိုးသမီး ကော်မတီမှာတော့ လုပ်ငန်းတာဝန်(၇) ရပ်ရှိပါကြောင်း၊ ကော်မတီဝင်များ အနေဖြင့် အဆိုပါ မူဝါဒနှင့် လုပ်ငန်း တာဝန်များကိုလည်း လေ့လာ သိရှိရန်နှင့် သက်ဆိုင်ရာကော်မတီဝင်များ သိရှိအောင်လည်း ဖြန့်ဝေပေးရန် လိုအပ်ပါကြောင်း၊ အမျိုး သမီးများအား နိုင်ငံရေး၊ လးမှုရေး၊ စီးပွားရေး ကဏ္ဍအသီးသီး၌ အမျိုးသားများနှင့် တန်းတူညီမျှ အခွင့်အရေးရရှိရန်မှာ အမျိုးသမီးတိုင်း မျှော်မှန်းတဲ့ ကိစ္စရပ်ဖြစ်ပါကြောင်း၊ အမျိုးသမီး ကော်မတီဝင်များ အနေဖြင့် အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားအဆင့် မဟာဗျူဟာလုပ်ငန်းစဉ် NSPAW ပါ လုပ်ငန်းနယ်ပယ်(၁၂)ရပ် များအား မြို့နယ်ကော်မတီ အဆင့်အထိ အသိပညာပေးရန် လိုအပ်ပါ ကြောင်း နယ်ပယ် တစ်ခုချင်းစီအလိုက် ဦးစားပေး ဆောင်ရွက်နိုင်မည့် လုပ်ငန်းအစီအစဉ်များကို ဝိုင်းဝန်း ဆွေးနွေး အကြံပြုပေးစေလိုကြောင်း စသည်ဖြင့် ရှင်းလင်းပြောကြားသည်။
အခမ်းအနားကို ဆက်လက်ကျင်းပရာ မကွေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီအတွင်းရေးမှူး၊ မကွေးတိုင်း ဒေသကြီး လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး၊ ဦးအေးမင်းညွန့်က တိုင်းဒေသကြီး အတွင်း အမျိုးသမီးများ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များနှင့် အမျိုးသမီး ကော်မတီ၏ ရှေးလုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြခဲ့ပြီး တက်ရောက်လာသော ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများမှ မိမိတို့ ဆောင်ရွက်နေသော အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အကြံပြု ဆွေးနွေးခြင်းနှင့် ပေါင်းစပ်ညှိနှိုင်းမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီမှ ကြီးမှူး၍ ၂၀၂၁ ခုနှစ်၊ဇူလိုင်လ(၃)ရက် နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အခမ်းအနားကို ဇူလိုင်လ (၄)ရက်နေ့တွင် မကွေးတိုင်း ဒေသကြီး လူမှုဝန်ထမ်း ရုံးလက်အောက်ရှိ မကွေးမူလတန်းကြိုကျောင်းခန်းမတွင် ကျင်းပပြလုပ်သွား မည်ဖြစ်ရာ တိုင်းဒေသကြီးအတွင်း အကြိမ်အများဆုံးသွေးလှူရှင် အမျိုးသမီးထူးချွန်ဆု၊ တိုင်းဒေသကြီး အတွင်း ၂၀၁၉-၂၀၂၀ ခုနှစ် ပညာသင်နှစ်အတွင်း တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် သိပ္ပံဘာသာ တွဲဖြင့် အောင်မြင်ခဲ့သော အမှတ်အများဆုံး ရရှိသူကျောင်းသူထူးချွန်ဆု၊ တိုင်းဒေသကြီး အတွင်း ၂၀၁၉-၂၀၂၀ ခုနှစ် ပညာသင်နှစ်အတွင်း တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ဝိဇ္ဇာဘာသာတွဲဖြင့် အောင်မြင်ခဲ့သော အမှတ်အများဆုံးရရှိသူ ကျောင်းသူထူးချွန်ဆု၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွင်း တက္ကသိုလ်ဝင်ထန်းစာမေးပွဲတွင် ဝိပ္ပံဘာသာတွဲဖြင့် အောင်မြင်ခဲ့သော အမှတ်အများ ဆုံးရရှိသူ ကျောင်းသူထူးချွန်ဆု၊ အမျိူးသမီးများနှင့်ပတ်သက်သော လူမှုရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သော အမျိုးသမီးထူးချွန်ဆု ရရှိသူများအား ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။
မောင်ညီညာ(မကွေး)