ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်ခြင်းများ ကွင်းဆင်းဆောင်ရွက်

ဘားအံ  ဇွန်   ၂၉

ကရင်ပြည်နယ်၊ ဘားအံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ “ပန်းခင်းစီမံချက်”ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ဆောင်ရွက်ပေးခြင်းကို ယမန်နေ့က ဇာသပြင်အရှေ့ကျေးရွာ၊ စံဖရီးကျေးရွာ၊ မြိုင်ကလေး ကျေးရွာများ၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။

ထို့သို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဘားအံခရိုင် ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးကျော်စိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးဝင်းတင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဘားအံမြို့နယ်ဦးစီးမှူး ဦးကျော်နိုင်နှင့် ဝန်ထမ်းများ ကဇာသပြင်အရှေ့ကျေးရွာနေသူအသက်(၁၈)နှစ်အထက် (၆၃)ဦးနှင့် အသက်(၁၈)နှစ်အောက်(၃၀) ဦး တို့ကိုလည်းကောင်း၊ စံဖရီးကျေးရွာနေသူ အသက်(၁၈)နှစ် အထက်(၅၄)ဦးနှင့် အသက်(၁၈)နှစ်အောက် (၄၈)ဦး တို့ကို လည်းကောင်း၊ မြိုင်ကလေးကျေးရွာနေသူ အသက်(၁၈)နှစ်အထက်(၇၀)ဦးနှင့် အသက် (၁၈)နှစ်အောက် (၄၉)ဦး တို့ကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ(အခမဲ့) ပြုလုပ်ပေးခြင်းများကို ဆောင်ရွက် ပေးခဲ့ကြကြောင်း သိရှိရသည်။

ဘားအံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးအနေဖြင့် “ပန်းခင်းစီမံချက်”ဖြင့် ဆောင်ရွက်ပေးနေသည့် သတ်မှတ်ကာလအတွင်း ဘားအံမြို့နယ်တွင် ကျန်ရှိသော ကျေးရွာများသို့လည်း ဆက်လက်ကွင်းဆင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးကျော်နိုင်ထံမှ သိရသည်။

ခရိုင်(ပြန်/ဆက်)