ကျိုက်ဒုံ ဇွန် ၂၉
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့တွင် စည်ပင်သာယာရေးအဖွဲ့မှ (၂၀၂၀-၂၀၂၁) ဘဏ္ဍာနှစ် ပြည်နယ်ဘတ်ဂျတ်ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ဟောင်သရောခန်းမ ဆောက်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ရာ(၆၀) ရာခိုင်နှုန်း ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ ဟောင်သရောခန်းမကို ပြည်နယ်ဘတ်ဂျက် ခွင့်ပြုရန်ပုံငွေ(၁၁၈.၈၅၀)ကျပ်သန်းဖြင့် အလျား(၁၀၀)ပေ၊ အနံ (၇၈)ပေ၊ အမြင့်(၁၈)ပေ၊ အဆောက်အဦ (Steel Structure) အမျိုးအစားဖြစ်ပြီး တင်ဒါအောင်မြင်သည့် ရှာမူးလာ ကုမ္ပဏီလီမိတက်မှ တာဝန်ယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျိုက်ဒုံ(ပြန်/ဆက်)