ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ဇမ္ဗူသီရိ ဇွန် ၂၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန်က ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးထွန်းက မြို့နယ် အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှု များပြားလာသည့်အတွက် ကူးစက်မှုမရှိစေရေး ဂရုပြုလိုက်နာဆောင်ရွက်ကြရန်၊ Mask များ ဖြန့်ဝေခြင်းလုပ်ငန်းများနှင့် ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများကိုလည်း ဌာနဆိုင်ရာများမှ ပူးပေါင်းဆောင်ရွက်ပေးကြရန်၊ ဈေးဆိုင်များနှင့် မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ အနေဖြင့်လည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိကိုလည်း စိစစ်ဆောင်ရွက်သွား ကြရန်နှင့် ဌာနဆိုင်ရာများ အနေဖြင့်လည်း ဆွေးနွေးတင်ပြစရာရှိပါက ဆွေးနွေးတင်ပြပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော ဌာနဆိုင်ရာတာဝန်ရှိသူများက တင်ပြဆွေးနွေးလာမှုအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပေးခဲ့ကြသည်။ အလားတူ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက သပြေကုန်းဈေး၌ Mask Campaign ပြုလုပ် ပေးကြကာ ကိုဗစ်-၁၉ ကာကွယ်ရေး ကျန်းမာရေးအသိပညာပေးခြင်းနှင့် Mask တပ်ဆင် လာခြင်းမရှိသော ဈေးဝယ်လာပြည်သူများအား Mask များအခမဲ့ဖြန့်ဝေပေးခြင်း၊ လက်သန့်ဆေးရေများ ဖြန်းပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)