ဗန်းမော်မြို့ရှိ အဝေးပြေးမော်တော်ယာဉ်လိုင်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး သတ်မှတ်စည်းကမ်းချက်များ လိုက်နာစေရေးအသိပညာပေးဆောင်ရွက်

ဗန်းမော် ဇွန် ၂၉
 
ကချင်ပြည်နယ် ဗန်းမော်မြို့အတွင်းရှိ အဝေးပြေးမော်တော်ယာဉ်လိုင်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး သတ်မှတ်စည်းကမ်းချက်များ လိုက်နာစေရေးအသိပညာပေးခြင်းကို ဇွန် ၂၉ ရက် နံနက် ၁၀ နာရီခွဲက ခရိုင်ပုဂ္ဂလိကပိုင်မော်တော်ယာဉ်လုပ်ငန်း ယာဉ်များကြီးကြပ်မှု ကော်မတီရုံး အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ရာ မော်တော်ယာဉ်ဂိတ်မှူးများ၊ ယာဉ်မောင်းများ၊ ယာဉ်နောက် လိုက်သူများက တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်ပုဂ္ဂလိကပိုင်မော်တော်ယာဉ်လုပ်ငန်း ယာဉ်များကြီးကြပ်မှုကော်မတီဥက္ကဌ ဦးတင်ဖေက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇော်မင်းလှိုင်က မော်တော်ယာဉ်ဂိတ်မှူးများ၊ ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များအား ကိုဗစ်-၁၉ ကာကွယ်ရေး ဆိုင်ရာ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ စနစ်တကျ လိုက်နာကြရန် လိုအပ်ကြောင်း အသိပေးပြောကြားခဲ့ပြီး ခရိုင်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်မျိုးဝင်း နှင့် သက်ဆိုင်ရာတာဝန်ရှိသူများတို့က ကိုဗစ်-၁၉ ရောဂါပိုးကာကွယ်နိုင်ရန် မော်တော်ယာဉ်ဂိတ်များမှ အားလုံးပူးပေါင်းကြရန် ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။