မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကျင်းပရေးနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

မန္တလေး ဇွန် ၂၉
ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကျင်းပရေးနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၉နာရီက မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးတွင် ကျင်းပသည်။
အစည်းအဝေးတွင် မန္တလေးတိုင်းဒေသကြီး၊ အမျိုးသမီးကော်မတီ ဥက္ကဋ္ဌဦးယဉ်ထွေးက အဖွင့်အမှာ စကားပြောကြာပြီး မန္တလေးတိုင်းဒေသကြီး၊ အမျိုးသမီးကော်မတီအတွင်းရေးမှူး ( လူမှုဝန်ထမ်း ဦးစီးဌာန၊ ညွှန်ကြားရေးမှူး) ဦးဇော်မင်းက မြန်မာအမျိုးသမီးများနေ့ အခမ်းအနား ကျင်းပရေးနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် အစည်းဝေးတက်ရောက်လာသူများက အခမ်းအနား ကျင်းပနိုင်ရေးနှင့် ပတ်သက်ပြီး အထွေထွေဆွေးနွေး တင်ပြကြရာ ဆွေးနွေးတင်ပြချက်များအပေါ် ရှေ့လုပ်ငန်းစဉ်များအား ဆုံးဖြတ် ချက်များ ချမှတ်ပြီးနောက်တိုင်းဒေသကြီးအမျိုးသမီးကော်မတီ ဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကား
ပြောကြားခဲ့သည်။
အဆိုပါအစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီး၊ အမျိုးသမီးကော်မတီ ဥက္ကဋ္ဌ ဦးယဉ်ထွေးနှင့် တာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဇော်မင်းနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ထိပ်ထားနိုင်