ထန်းတပင်မြို့နယ်အတွင်း၌ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲကျင်းပ

ထန်းတပင် (ပဲခူး) ဇွန် ၂၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြု လုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမြင့်က အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံသားများ အခွင့်အရေးမဆုံးရှုံးစေရန်အတွက် (ပန်းခင်းစီမံချက်) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ပြုလုပ်ပေးရန် စီမံဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိပါ ကလည်း စနစ်တကျ မပျောက်ပျက်ရန် ထိန်းသိမ်းထားဖို့လိုကြောင်း ပြောကြားခဲ့ပြီး မြို့နယ်လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးထိန်ဝင်းက  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ လမ်းညွှန်ချက်နှင့်အညီ ပန်းခင်းစီမံချက်ကို ချမှတ်ဆောင်ရွက် ပေးခြင်းဖြစ်ကြောင်း၊ နိုင်ငံ သားအားလုံး အိမ်ထောင်စုလူဦးရေစာရင်း မရှိသူများအား အိမ်ထောင်စုလူဦးရေ စာရင်း ဆောင်ရွက်ပေး ခြင်း၊ ဥပဒေအရ အိမ်ထောင်စုဝင်များအား ကိုင်ဆောင်လက်မှတ်တစ်မျိုးမျိုးကို ပန်းခင်းစီမံချက်နှင့်အညီ ဆောင်ရွက်ပေးခြင်း၊ (၁၆)နှစ်နှင့် (၁၈)နှစ် ကြား ပြည်သူများ၊ အသက်(၁၈)နှစ် အထက် နိုင်ငံသားစိစစ်ရေးကတ်မရှိသော ပြည်သူများကိုလည်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပန်းခင်းစီမံချက်နှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ထန်းတပင်မြို့နယ် အောင်သုခရပ်ကွက်နှင့် ကျီတော်ကျေးရွာတို့မှ အသက်(၁၀)နှစ် ပြည့်(၂၃)ဦးနှင့် အသက်(၁၈)နှစ်ပြည့်(၆၄)ဦး စုစုပေါင်း(၈၇)ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခဲ့ပြီး စီမံချက်ကာလတစ်လျှောက် ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ် ကြောင်း သိရသည်။