ဖားကန့် ဇွန် ၂၉
ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့လည်(၁၂)နာရီတွင် ဖားကန့်မြို့နယ် စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ မြို့နယ ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးငြိမ်းမောင်မောင်နှင့်အဖွဲ့၀င်များ၊ မြို့နယ်သဘာ၀ဘေး /စီမံ အဖွဲ့၀င်ဌာန ဆိုင်ရာများ၊ မြို့ပေါ်(၅)ရပ်ကွက်နှင့် လုံးခင်း၊ ဆိပ်မူကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာတာ၀န်ခံများနှင့် ရာအိမ်မှူးများ၊ မြို့မိမြို့ဖ/ရပ်မိရပ်ဖများ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ယခုတစ်ပတ်အတွင်း မြို့နယ်ဆရာ၀န်ကြီး ဖားကန့်မြို့နယ်သို့ ရောက်ရှိတော့မည်ဖြစ်၍ ကုတင်(၅၀)ဆံ့ မြို့နယ်ပြည်သူ့ဆေးရုံအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြန်လည်ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ လူနာများအား မြို့နယ်ပြည်သူ့ဆေးရုံနှင့် ဖားကန့်မြို့၊ မော်၀မ်းရပ်ကွက်ရှိ သီတဂူစက္ခုဒါနဆေးရုံတွင်ထားရှိကာ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးသွားရန်နှင့် မြို့နယ်ဆရာ၀န်ကြီး ရောက်ရှိလာပါက မြို့နယ်ပြည်သူ့ဆေးရုံ ကုတင်(၅၀)ဆံ့အား ပြန်လည်ဖွင့်လှစ်ပြီး နောက်ပိုင်းတွင် ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ လုံးခင်းတိုက်နယ် ဆေးရုံအား ဆက်လက်ဖွင့်လှစ်ကာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့လူနာများ၊ Contact Person များအား ထားရှိသွားမည်ဖြစ်သည်။ ဖားကန့်မြို့နယ်သို့ အနယ်နယ်အရပ်ရပ်မှ ၀င်ရောက်လာသူများအား လုံးခင်းကျေးရွာအုပ်စု၊ လယ်ပြင်စစ်ဆေးရေးဂိတ်တွင် ကိုယ်အပူချိန်တိုင်းတာခြင်းများ ဆောင်ရွက်ပြီး ထူးခြားသည့်သံသယဖြစ်ဖွယ် လူများအား Test Kit ဖြင့် ဆက်လက်စစ်ဆေးခြင်း၊ လက်ရှိတွင် ဖားကန့်မြို့နယ်၏ ကျန်းမာရေး ၀န်ထမ်းများ၏ အခြေအနေအရ ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ စစ်ဆေးခြင်းများ မပြုနိုင်သေး သော်လည်း သံသယဖြစ်ဖွယ် ကိုဗစ်-၁၉ ရောဂါ လက္ခဏာပြသူများကို Facility Quarantine ထားရှိခြင်းများ ဆောင်ရွက်နိုင်ရန် အတွက် ဖားကန့်မြို့နယ်ဆိပ်မူကျေးရွာအုပ်စု၊ ယူမာ ကျေးရွာရှိ အိုးအိမ်၀န်ထမ်းအိမ်ရာအား ပြင်ဆင်ဆောင်ရွက်ထားရှိကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များ၊ မြို့မိမြို့ဖ/ရပ်မိရပ်ဖများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ Volunteer များမှ ပူးပေါင်းပါ၀င် ဆောင်ရွက်ပေးကြရန်၊ ဖားကန့်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ် ၊ ကုသရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ခဲ့ကြကြောင်း သိရှိရသည်။ ဆက်လက်၍ မြိုနယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်း များ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ကြိုတင်ကာကွယ်ရေးအနေဖြင့် မြို့ပေါ်ရပ်ကွက် များနှင့် ကျေးရွာများတွင် နှာခေါင်းစည်း(Mask)များ ဝေငှခြင်း၊ Social Distancing စနစ်ဖြင့် နေထိုင်ကြရေး အသိပညာပေးလုပ်ငန်းများ လူမှုကူညီရေးအသင်းအဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက်ပြီး ကချင်ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ပြင်ဆင်းထားရှိသည့် မော်၀မ်းရပ်ကွက်ရှိ သီတဂူစက္ခုဒါနဆေးရုံနှင့် Facility Quarantine ထားရှိခြင်းများ ဆောင်ရွက်နိုင်ရန်အတွက် ဆိပ်မူကျေးရွာအုပ်စု၊ ယူမာကျေးရွာရှိ အိုးအိမ်၀န်ထမ်းအိမ်ရာအား ပြင်ဆင်ဆောင်ရွက်ထားရှိခြင်း တို့ကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။ မြို့နယ်(ပြန်/ဆက်)