ခရမ်း ဇွန် ၂၉
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်တွင် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ကိုဗစ်-၁၉ နှင့် သက်ဆိုင်သော အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ အများပြည်သူများ သိရှိစေရန်အတွက် လူစည်ကားရာနေရာများဖြစ်သော မြို့မဈေးကြီးအတွင်း၊ အပြင်နှင့် ဈေးလမ်းစုံများ၊ စာသင်ကျောင်းများ၊ လမ်းစုံလမ်းခွများတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း (ဌာနချုပ်) ၏ ကိုဗစ်-၁၉ အသိပညာပေး ပိုစတာများကို လိုက်လံကပ်ထားခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဒေါ်ခင်မိုးလွင် ဦးဆောင်သော ကြက်ခြေနီတပ်ဖွဲ့ဝင် များက သက်ဆိုင်ရာတာဝန်ရှိသူ များနှင့် ပူးပေါင်း၍ ယမန်နေ့က ခရမ်းမြို့နယ်အတွင်းရှိ အ-ထ-က ဘိုကလေး ၊ ဘုရားပျို၊ ဇီးဖြူပင်၊ ကံကောင်းဟောင်းနှင့် အ-မ-က ဆင်မင်းအိုင်၊ ရေကျော်၊ ကရင်စု၊ ကြာကန် စသည့် စာသင်ကျောင်းများသို့ သွားရောက်၍ ကျောင်းကြက်ခြေနီ ဆေးပုံးများအတွင်း ဆေးများ ဖြည့်ဆည်းပေးခြင်း၊ ရှေးဦးပြုစုနည်း၊ စနစ်တကျ လက်ဆေးနည်းနှင့် mask များတပ်ဆင်အသုံးပြုပုံ၊ စွန့်ပြစ်မှုတို့ကို စနစ်ကျန်စေရန် သင်ကြားပေးခြင်း၊ ကြက်ခြေနီအကြောင်း ဆွေးနွေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
ကိုမင်း