နွားထိုးကြီး၊ ဇွန် ၂၉
နွားထိုးကြီးမြို့၊ အမှတ်(၁)ရပ်ကွက်အတွင်းရှိ ပြည်သူ့ဆေးရုံတွင် တာဝန်ထမ်းဆောင်နေသော အခြာအဆင့် ဝန်ထမ်းဖြစ်သော အမျိုးသမီး တစ်ဦးနှင့်ပဒေါင်းကျေးရွာအုပ်စု၊ ညောင်ပင်ကျေးရွာမှ အမျိုးသမီးတစ်ဦးတို့သည်အနံ့မရရှိသဖြင့်ပြည်သူ့ဆေးရုံတွင် သွားရောက်၍ ကိုဗစ်-၁၉ ပိုးရှိ/မရှိစစ်ဆေးနိုင်ရန် ၎င်းတို့၏ Swab များရယူကာမန္တလေးမြို့ ပြည်သူ့ကျန်းမာရေးဓါတ်ခွဲမှု ဆိုင်ရာဌာနသို့ ပေးပို့ထားရှိပြီး ၎င်း(၂)ဦးအား H.Q ထားရှိကြောင်းသိရသည်။
အဆိုပါအနံ့ပျောက်(၂)ဦးအား Swab များရယူ၍စစ်ဆေးမှုအရ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသဖြင့် ၎င်းတို့(၂)ဦးအား နွားထိုးကြီးမြို့၊ပြည်သူ့ဆေးရုံရှိ အထူးဆေးကုသဆောင်တွင်ထားရှိ ဆေးကုသမှု ခံယူလျက်ရှိသည်။ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ(၂)ဦးနှင့်ထိတွေ့ဆက်စပ်ခဲ့သူများကို စစ်ဆေးဖော်ထုတ်ပြီး နွားထိုးကြီးမြို့၊ ဘိုးဘွားရိပ်သာတွင် FQ ထားရှိခဲ့သည်။ နွားထိုးကြီးမြို့တွင်
ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း(၂၀ )ဦးရှိပြီး သေဆုံးမှုမရှိကြောင်းသိရသည်။
သန်းအောင်ဇော်