ဘုရားသုံးဆူ ဇွန် ၂၉
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့တွင် ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုမရှိစေရန်နှင့် အသိပညာများရရှိစေရန်ရည်ရွယ်၍ ဘုရားသုံးဆူမြို့ ကြက်ခြေနီတပ်ဖွဲ့မှ အသိပညာပေး ဟောပြောခြင်းနှင့် Mask Campaign ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်၌ ဘုရားသုံးဆူ မြို့မစျေးရှေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဆောင်ရွက်မှုများကို ဘုရားသုံးဆူမြို့ကြက်ခြေနီတပ်ဖွဲ့မှ တပ်ခွဲမှူး ဦးမြင့်နိုင် ဦးဆောင်၍ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအသင်းနှင့် ဘုရားသုံးဆူလူငယ်အဖွဲ့တို့မှ ပူးပေါင်း၍ ပြည်သူများအား ကိုဗစ်- ၁၉ အသိပညာပေးခြင်းနှင့် Mask များ အခမဲ့ ပေးဝေခဲ့ကြောင်း သိရသည်။
ဘုရားသုံးဆူ (ပြန်/ဆက်)