လဲချား ဇွန် ၂၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် အားကစားနှင့် ကာယပညာ ကော်မတီဥက္ကဋ္ဌ ဖလားအသက်(၂၅)နှစ်အောက်ကလပ်ပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က “ဖူဆယ်စတား” အားကစား ကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် မြို့နယ် အားကစားကော်မတီဥက္ကဋ္ဌ ဦးဖြိုးမြင့်ဝေမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြိုင်ပွဲဝင်အားကစားသမားများမှ အသီးသီးနေရာယူကာ အားကစား အဓိဋ္ဌာန် ရွတ်ဆိုခဲ့ကြသည်။
ထို့နောက်တက်ရောက်လာသော ဌာနဆိုင်ရာ အကြီးအကဲများမှ ပြိုင်ပွဲဝင်ဘောလုံးအသင်းသားများအား နှုတ်ဆက်စကား ပြောကြားခဲ့ပြီး မြို့နယ်ကြက်ခြေနီအသင်း၏ ပံ့ပိုးကူညီမှုဖြင့် ကျောင်းသူလေးများမှ ကပြဖျော်ဖြေခဲ့သည်။ အဆိုပါ ပြိုင်ပွဲတွင် စုစုပေါင်း (၁၃)သင်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး (၂၉-၆-၂၀၂၁)မှ (၁-၇-၂၀၂၁) ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်