တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ သာသနာရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် အလှူငွေများ ထောက်ပံ့ပေးအပ်

ထားဝယ် ဇွန် ၂၉

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုရန်ပုံငွေဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ သာသနာရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ယနေ့ နံနက်ပိုင်းက ထားဝယ်မြို့၊ ပန်းသုံးဝဘုန်းတော်ကြီး ကျောင်းသို့ အလှူငွေများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်

ထို့နောက် ပန်းသုံးဝကျောင်းထိုင် ဆရာတော် ဥူးကုသလထံမှ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဗိုလ်မှူးကြီး ကျော်ဇေယျ၊ တိုင်းဒေသကြီး ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ညွှန်ကြားရေးမှူး ဦးရန်လင်းအောင်နှင့် တာဝန်ရှိသူများက ငါးပါးသီလခံယူ ဆောက်တည်ပြီး ပန်းသုံးဝကျောင်းတိုက်အတွင်း ဆွမ်းစားကျောင်းဆောင် ဆောက်လုပ်ရန်အတွက် အလှူငွေ ကျပ်သိန်း(၂၀၀)ကျပ်အား ဆက်ကပ်လှူဒါန်းခဲ့ သည်။

ဆက်လက်၍ ဆရာတော် ဥူးကုသလထံမှ တက်ရောက်လာကြသူများက အနုမောဒနာတရားနားကြားပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက် သွန်းချ အမျှပေးဝေခဲ့ကြောင်း သတင်းရရှိသည်

ကျော်ကျော်လတ်