ကမာရွတ်မြို့နယ်တွင် လျှပ်စစ်ဓာတ်အား ယာယီ ပြတ်တောက်

 

ရန်ကုန် ဇွန်  ၂၉

ယနေ့ နံနက် (၉:၀၀) နာရီ မှ  (၁၂ :၀၀)  နာရီအချိန်ထိ ရန်ကုန်အနောက်ပိုင်းခရိုင် ကမာရွတ်မြို့နယ်ရှိ  ရပ်ကွက်အချို့တွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်လျက်ရှိကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးကော်ပိုရေးရှင်း မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ သိရှိရသည်။

ကမာရွတ်မြို့နယ်၊    အမှတ်  (၆ ၊၇ ၊ ၈)    ရပ်ကွက်များသို့    ဓာတ်အားဖြန့်ဖြူးထားသော 6.6. kV ဆင်မလိုက်-ဗဟိုလမ်း  ဖီဒါဓာတ်အားလိုင်းနှင့်   မလွတ်ကင်းသော သစ်ပင်/  သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း  လုပ်ငန်းကို နံနက်   (၉:၀၀)   နာရီ မှ   (၁၂:၀၀)   နာရီအချိန်ထိ ဆောင်ရွက်ရမည် ဖြစ်ပါသဖြင့် ကမာရွတ်မြို့ နယ်အတွင်းရှိ အမှတ်(၆၊၇၊၈)ရပ်ကွက်၊ ဘုရင့်နောင်လမ်း၊  ပြည်ရိပ်သာလမ်း၊ ဗဟိုလမ်း၊   ပြည်ရိပ်မွန်(၇)ရက်ကွက်၊ ပြည်ရိပ်မွန်  (၆)  ရက်ကွက်၊ တို့တွင် ဓာတ်အားပြတ်တောက်လျက်ရှိကြောင်းနှင့် ပြည်သူများ သိရှိနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့များ၊ ရက်ကွက်အုပ်ချုပ်ရေးမှူးများသို့  အသိပေးအကြောင်းကြား ထားကြောင်း သိရှိရသည်။