ထားဝယ် ဇွန် ၂၈
တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဖလား၊ မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ ၃ နာရီ က ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ဗိုလ်လုပွဲသို့ တက်ရောက်လာသော ထားဝယ်မြို့နယ်အသင်းနှင့် သရက်ချောင်းမြို့နယ် အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုကို တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ၊ အားကစားသမားများနှင့် အားကစားဝါ သနာရှင်များက ကြည့်ရှု့အားပေး ခဲ့သည်။
ထိုနောက် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်(၃)ဦး ခင်မောင်မြင့်က ပွဲစဉ်တစ်လျှောက် အကူအညီပေးသော ကြက်ခြေနီတပ်ဖွဲ့ အား ဂုဏ်ပြုဆုချီးမြှင့်ပြီး တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များက ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အားကစားသမားဆုနှင့် ဒုတိယဆုရရှိသော သရက်ချောင်းမြို့နယ် အသင်းအား တစ်ဦးချင်း ဆုနှင့်ငွေသားဆု ချီးမြှင့်သည်။
ဆက်လက်၍ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးကျော်ဇေယျက ပထမဆုရရှိသော ထားဝယ်မြို့နယ်အသင်းအား တစ်ဦးချင်း ဆုနှင့်ငွေသား ဆုချီးမြှင့်ပြီး တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ ဦးတင်အောင်က ပထမဆုရရှိသော ထားဝယ်မြို့နယ်အသင်းအား တံခွန်စိုက်ဒိုင်း ဆုချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။