ကျေးသီးမြို့တွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ကျေးသီး ဇွန် ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်သစ်တောဦးစီးဌာနက ကျင်းပ ပြုလုပ်သည့်    ၂၀၂၁ ခုနှစ်  မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၉ နာရီခန့်က  လုံပုရပ်ကွက်၊ နမ့်ကုံးကန်၌ ကိုဗစ်-၁၉ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ကျင်းပပြုလုပ်ကြောင်း သိရသည်။

ရှေးဦးစွာ ၂၀၂၁ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်တွင် သတ်မှတ်နေရာအသီးသီး၌ စိုက်ပျိုးရန် သစ်ပင်များကို  ကျေးသီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထူးထက်နှင့် သစ်တောဦးစီးဌာန ဘိနယ်တာဝန်ခံ ဦးကျော်မင်း တို့က ပျိုးပင်များအား ဌာနဆိုင်ရာအကြီးအကဲများထံသို့ ပေးအပ်ကြသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးထက် ဦးဆောင်၍ ချယ်ရီ (၁၀၀)ပင်၊ ရေသင်းဝင် (၅၀)ပင် စုစုပေါင်း (၁၅၀)ပင်တို့အား ဌာနဆိုင်ရာဝန်ထမ်းများက စိုက်ပျိုးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)