ကျေးသီး ဇွန် ၂၈
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်၌ သွေးလွန်တုပ်ကွေး ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေးခတ်ခြင်းကို ယနေ့နံနက် ၁၀ နာရီ က ဟိုခိုရပ်ကွက် တွင် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျေးသီးမြို့နယ် ရပ်ကွက်/ကျေးရွာများအတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်စေနိုင်သော ခြင်အကိုက်ခံရခြင်းနှင့် ပေါက်ဖွားခြင်း မရှိစေရေးအတွက် ရပ်ကွက်အတွင်းရှိ နေအိမ်များမှ ရေတွင်း၊ ရေကန်၊ ကျောက်စည်များအတွင်း အဘိတ်ဆေးခတ်ခြင်း၊ နေအိမ်ခြံဝင်းအတွင်းရှိ ပန်းအိုးများ၊ ရေတွင်းရေကန်များ၊ ရေစည်များ၊ ရေအိုးရေခွက်များနှင့် ရေဝပ်နိုင်သော ပစ္စည်းများအတွင်း ပိုးလောက်လမ်းများ မပေါက်ဖွားစေနိုင်ရေးအတွက် ဖုံး၊သွန်၊လဲ၊စစ် လုပ်ငန်းများ ဆောင်ရွက်ရခြင်း ဖြစ်ကြောင်းနှင့် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများကို အသိပညာပေးပြောကြားဆောင်ရွက်ခဲ့ပြီး ကျန်ရှိနေသော အခြားရပ်ကွက်နှင့် ကျေးရွာအုပ်စုတို့တွင်လည်း ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)