ရန်ကုန်မြောက်ပိုင်းခရိုင်အတွင်းရှိ ပြည်သူ့စာကြည့်တိုက်များသို့ စာအုပ်များ လှူဒါန်း

 

ရန်ကုန် ဇွန်၂၈

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ စာပေဗဟုသုတများစွာ ရရှိစေရန်နှင့် စာပေဖတ်သည့် အလေ့အထကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ ရန်ကုန်မြောက် ပိုင်းခရိုင်အတွင်းရှိ ပြည်သူ့စာကြည့်တိုက်များသို့ စာအုပ်များ လှူဒါန်းခြင်းကို ယမန်နေ့ ညနေပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြု ဗဟိုဌာနတွင် လှူဒါန်းခဲ့ကြောင်း သိရသည်။

လှူဒါန်းရာတွင် စာရေးဆရာ ဒေါက်တာ ဗိုလ်သံမဏိ(တောင်တွင်းကြီး)က အမျိုးသားစိတ်ဓာတ်နှင့် တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးသို့ လက်ရွေးစင်ဆောင်းပါးများ စာအုပ်(၅၀)အုပ်ကို လှူဒါန်းရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ ခရိုင်ဦးစီးအရာရှိ ဒေါ်အေးအေးခိုင်မှ လက်ခံရယူခဲ့ပြီး အဆိုပါစာအုပ်များကို ရန်ကုန်မြောက်ပိုင်းခရိုင်အတွင်းရှိ မြို့နယ်များဖြစ်သော ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ ထန်းတပင်မြို့နယ်၊ တိုက်ကြီးမြို့နယ်၊ မင်္ဂ လာဒုံမြို့နယ်၊ မှော်ဘီမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ လှည်းကူးမြို့နယ်၊ လှိုင်သာယာ (အရှေ့ပိုင်းမြို့နယ်)နှင့် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်များတွင်ရှိသော ပြည်သူ့စာကြည့်တိုက် များသို့ ခွဲဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇွဲထက်ကို