တည်းခိုခန်းများ၊ စားသောက်ဆိုင်များ ကျန်းမာရေး စည်းကမ်းချက်နှင့်အညီ ဖွင့်လှစ်ရေး အသိပေးခြင်း ဆောင်ရွက်

မိုင်းရှူး  ဇွန်   ၂၈

မိုင်းရှူးမြို့ပေါ်ရှိ တည်းခိုခန်းများ၊ စားသောက်ဆိုင်များ ဖွင့်လှစ်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးအတွက် ကျန်းမာရေး အသိပေးရှင်းလင်းခြင်းကို ယနေ့နံနက်ပိုင်း က ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မိုင်းရှူးမြို့နယ် စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများက တည်းခိုခန်းများ၊ စားသောက်ဆိုင်များ ဖွင့်လှစ်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန က ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ လက်ဆေးရည်များ၊ စားသောက်ဆိုင်များမှ စားပွဲတစ်လုံးနှင့် တစ်လုံး သတ်မှတ်အကွာအဝေး၊ ပလပ်စတစ်အကာများ ထားရှိခြင်း ရှိ/မရှိ ကြည့်ရှုပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန က ထုတ်ပြန်ထားသည့် စည်းကမ်းချက်နှင့်အညီ ဆောင်ရွက်ခြင်းမရှိသည့် တည်းခိုခန်းများနှင့် စားသောက်ဆိုင်များအား စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရေးအသိပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)