မေတ္တာ ဇွန် ၂၈
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်ထိန်း ချုပ်နိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်များတွင် ယမန်နေ့ နံနက်(၈)နာရီက Mask Campaign ပြုလုပ်ဆောင်ရွက် ခဲ့ကြသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး Mask Campaign ပြုလုပ်ဆောင်ရွက်ကြရာတွင် မေတ္တာမြို့ အာဇာနည်လမ်းကြီးပေါ်တွင် လမ်းသွားလမ်းလာ ဒေသခံပြည်သူများ၊ မြို့အတွင်းသို့ ဝင်ရောက် လာသည့် ခရီးသွားပြည်သူများကို နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးခြင်း၊ အသိပညာပေး သတင်းစကားများ ပြောကြားပေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ထို့သို့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး Mask Campaign ဆောင်ရွက်ခြင်းကို မေတ္တာ မြို့အုပ် ချုပ်ရေးမှူး ဦးသူရထွန်းနှင့် ဝန်ထမ်းများ၊ နယ်မြေရဲစခန်းမှ ရဲအုပ်အောင်မြင့်ဝင်းနှင့် တပ်ဖွဲ့ဝင်များ၊ နယ်မြေ မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များ၊ မေတ္တာမြို့ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်ကလေးစောင့်ရှောက်ရေးအသင်း၊ မေတ္တာရှင်လူမှုအဖွဲ့တို့ ပူးပေါင်းကာ နှာခေါင်းစည်း Mask (၃၀၀)ခုကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မေတ္တာမြို့အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိသေးကြောင်းနှင့် ကြိုတင်ကာကွယ်သော အနေဖြင့် Mask Campaign ပြုလုပ်ပေးခြင်းနှင့် အသိပညာပေး သတင်းစကားများ ပြောကြားပေးခြင်းဖြစ်ကြောင်း တာဝန်ရှိသူ ထံမှ သိရသည်။
မေတ္တာ