ကော့ကရိတ် ဇွန် ၂၈
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာရုံးမှ ကော့ကရိတ်မြို့နယ်အတွင်း ပန်းခင်းစီမံချက်အား အကောင်ထည်ဖော်ဆောင်ရွက် လျက်ရှိရာ ပထမဦးစားပေးကျေးရွာအုပ်စု (၂၃)အုပ်စုအနက်မှ ထီဖိုးစံကျေးရွာအုပ်စုရှိ ကျေးလက် နေပြည်သူများအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင် ရေးကို ယနေ့ နံနက် (၉)နာရီက ကော့ကရိတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာရုံး၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကော့ကရိတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာရုံးမှ ဦးစီးအရာရှိ ဦးသန်းဝင်းအောင်ဦးစီး၍ ဝန်ထမ်းများက အဆိုပါကျေးရွာအုပ်စုရှိ ကျေးလက်နေ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးကို စနစ်တကျ စိစစ်ပြုလုပ် ပေးခဲ့ရာ အသက် ၁၀နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ် စတင်ပြုလုပ်သူ ကျား (၃၆)ဦး၊ မ (၃၁)ဦး၊ အသက် (၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ် စတင်ပြုလုပ်သူ ကျား (၂၅)ဦး၊ မ (၁၈)ဦး စုစုပေါင်း (၁၁၀)ဦးတို့အား ဆောင်ရွက်ပေးနိုင်ခဲ့ပြီး၊ အဆိုပါ နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးနိုင် ရေးလုပ်ငန်းဆောင်ရွက်နေမှုများကို ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်နိုင်က လာရောက်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိ သူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ထိုသို့ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ရာတွင် ပန်းခင်း စီမံချက်၏ ရည်ရွယ်ချက် (၄)ချက်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်းနှင့် ကျန်ရှိနေသေးသည့် ပထမ ဦးစားပေး ကျေးရွာအုပ်စုများကိုလည်း သတ်မှတ်ထားသော နေ့ရက်များအလိုက် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကော့ကရိတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာရုံးမှ သိရသည်။
စောအောင်မျိုးလွင်(ပြန်/ဆက်)