မြစ်သားမြို့နယ် မကျီးကန်ကျေးရွာတွင် သောက်သုံးရေရရှိရေး စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

မြစ်သား  ဇွန်  ၂၈

မန္တလေးတိုင်းဒေသကြီး၊  မြစ်သားမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကသစ်တက္ကုန်းကျေးရွာအုပ်စု၊ မကျီးကန်ကျေးရွာ၌ သောက်သုံးရေဖူလုံစွာရရှိရေး စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို ယနေ့မွန်းလွဲ()နာရီက ကွင်း ဆင်း စစ်ဆေးခဲ့ကြောင်းသိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျောက်ဆည်ခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဦးဝင်းမြင့်၊ မြို့နယ်ဦးစီးမှူး ဦးကိုကိုအောင်နှင့် ဝန်ထမ်းများက  ကျေးရွာရေပေးရေး ကော်မတီဝင်များနှင့်အတူ မကျီးကန်ကျေးရွာ၌ သောက်သုံးရေရရှိရေး၊ စက်ရေတွင်းတူးဖော်ခြင်း၊ ဂါလန်၂၄၀၀ဆံ့ အမြင့်ရေစင်နှင့် ရေစက်ရုံတည်ဆောက်ခြင်း လုပ်ငန်းအခြေအနေများကို ကြည့်ရှု စစ်ဆေးပြီးသတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေး ပြည့်မီစေရေးနှင့် အချိန်မီပြီးစီးရေး ဆွေးနွေးမှာကြားခဲ့သည်။

မကျီးကန်ကျေးရွာတွင် သောက်သုံးရေရရှိရေးအတွက် အကျယ်၄လက်မ၊ အနက်ပေ(၆၃၀) ခန့်ရှိ စက်ရေတွင်းတူးဖော်ခြင်း၊ ရေဂါလန်၂၄၀၀ဆံ့ အမြင့်ရေစင်တည်ဆောက်ခြင်းနှင့် အလျား (၁၀)ပေ၊ အနံ(၈)ပေ၊ အမြင့်(၈)ပေရှိ ရေစက်ရုံတည်ဆောက်ခြင်းကို  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ပြည်ထောင်စု မူလငွေလုံးငွေရင်းရန်ပုံငွေကျပ်(၂၇.၆၄)သန်းဖြင့် တင်ဒါ အောင်မြင်သည့် Unistruct ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်ခြင်းဖြစ်ကြောင်း မြစ်သားမြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးကိုကိုအောင်က ပြောပြသည်။

အဆိုပါ ကျေးရွာရေရှိရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက မကျီးကန်ကျေးရွာရှိ အိမ်ခြေ ၄၀၀ အိမ်၊ လူဦးရေ ၁၉၂၆ ဦးတို့အတွက် သောက်သုံးရေ အခက်အခဲများ အဆင်ပြေသွားမည်ဖြစ်ကြောင်း သိရသည်။

မြမြမွန်(မြစ်သား)